Computer များအကြား ဒေတာဖလှယ်ခြင်း

ကျွန်တော်တို့ ရဲ့ Computer နဲ့ တစ်ခြားလူတစ်ယောက်ရဲ့ ကွန်ပြူတာ ချိတ်ဆက်ချင်တယ်။ Data တွေအပြန်အလှန်ပို့မယ်။ အဲ့အတွက်ဘာလိုအပ်မလဲ။

Network တစ်ခု ရှိဖို့လိုပါမယ်။

Network ဆိုတာဘာလဲ?

Network ဆိုတာ မိမိရဲ့ Computer နဲ့ တစ်ခြား လူတစ်ယောက်ရဲ့ Computer ကို Wired or Wireless Connection သုံးပြီး ချိတ်ဆက်မှုကွန်ယက်တစ်ခုဖန်တီးလိုက်တာပါ။ ဒါကို Peer-to-Peer Model လို့ခေါ်ပါတယ်။

ဒီထက်များတဲ့ကွန်ပြူတာတွေကို Network တစ်ခုဖြစ်ချင်ရင်တော့ တစ်ခုချင်းစီအတွက် Wired Connection တွေ ထပ်ချိတ်ပေးဖို့လိုလာပါပြီ။

Computer ၃ လုံးရှိတယ် ဆိုပါစို့။ ဒီလို အခြေအနေမျိုးမှာဆို A to B, A to C, B to C စသဖြင့် တစ်လုံးချင်းစီတိုင်းကို ချိတ်ပေးဖို့လိုအပ်လာပါပြီ။ တကယ်လို့ သာ Computer တွေထောင်ချီရှိမယ်ဆို ဒီ Network Topology ဟာ ရှုပ်ထွေးပြီး Efficient မဖြစ်တော့ပါဘူး။

Switch Model

ဒီပြဿနာကို ဖြေရှင်းဖို့ အတွက် Switch ဆိုတဲ့ Hardware Device ကို အသုံးပြုနိုင်ပါတယ်။ သူရဲ့ အလုပ်လုပ်ပုံက ရှင်းရှင်းလေးပါ။ Computer တွေအများကြီးချိတ်ဆက်ဖို့အတွက် Central Connection Device အနေနဲ့ တာဝန်ယူပါတယ်။

_e61972e2-a42b-46de-aaca-164939fbafea.jpg

Switch Model ကို အသုံးပြုလိုက်ခြင်းအားဖြင့် များပြားလှတဲ့ Computer တွေကို ချိတ်ဆက်တဲ့နေရာမှာ Connection တစ်ခုစီတိုင်းအတွက် ကြိုးတွေနဲ့ လိုက်ချိတ်နေစရာမလိုတော့ပါဘူး။ Computer တစ်ခုကနေပို့ချင်တဲ့ ဘယ်Computer ဆီကိုမဆို Data ပို့လို့ရပါပြီ။ ပို့လိုက်တဲ့ Data က Switch ဆီကို အရင်ရောက်လာတယ်။ Switch က Data ကို မေးတယ်။ မင်းဘယ်သွားမှာလဲ ပေါ့ ။ “

“အော် Bro Switch, ငါ Computer C ဆီကို သွားချင်လို့ပါ။ ဒါဆို Switch ကနေ အော် မင်းကို ငါလမ်းပြမယ်။ ဒီလမ်းက သွားဆိုပြီး Data ကို Computer C ဆီပို့ပေးလိုက်ပါတယ်။”

Interconnected Network ဆိုတာ ဘာလဲ

Blank diagram (1).png

Switch Model တွေ အများကြီးချိတ်ဆက်လိုက်တဲ့အခါ Interconnected Network ဆိုပြီး ကျွန်တော်တို့ ခုသုံးနေတဲ့ အင်တာနက်ကြီး ဖြစ်လာပါတယ်။

တကယ်တော့ Internet ဆိုတာ မီလီယံနဲ့ ချီတဲ့ Electronic Devices တွေကို ချိတ်ဆက်ထားတဲ့ ကွန်ယက်ကြီးတစ်ခုပါ။

ဘယ်လိုချိတ်ဆက်လဲ?

ဒီလိုချိတ်ဆက်ရာမှာ